News & Events


Myanmar Yellow Pages B2B Trading Platform

စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း ချိတ်ဆက်ရောင်းဝယ်နိုင်သောနေရာ -----------------------

          ပြည်တွင်း၊ ပြည်ပမှ စီးပွားရေးလုပ်ငန်း ဝန်ဆောင်မှုများ၊ ထုတ်ကုန်ပစ္စည်းများကို အခမဲ့ အလွယ်တကူ ရှာဖွေဆက်သွယ်နိုင်သော    (၂၄)နာရီ အွန်လိုင်း ရောင်းဝယ်ရေး အထောက်အကူပြု ကုန်သွယ်ရေးလမ်းညွှန် ဖြစ်ပါတယ်။

          စီးပွားရေးလုပ်ငန်းအဆက်အသွယ်များ (Business Contacts/Partners)၊ ဈေးကွက်ချဲ့ခြင်း (Market Expansion) နှင့် စီပွားရေး အခွင့်အလမ်းများ (Business Oppotunities) များအတွက် Myanmar Yellow Pages Website အွန်လိုင်း ရောင်းဝယ်ရေး အထောက်အကူပြု မြန်မာအဝါရောင်စီးပွားရေးလမ်းညွှန်များတွင်ရှာဖွေပါ။

Myanmar Yellow Pages B2B Trading Platform အကြောင်းသိလိုသမျှ

          နည်းပညာများဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နည်းပညာအရေးပါမှု အခန်းကဏ္ဍသည် ယနေ့ခေတ်  စီးပွားရေး လုပ်ငန်းများကို များစွာ အထောက်အကူ ပြုလျက်ရှိပါသည်။  လုပ်ငန်းအဆက်အသွယ်များ လွယ်ကူလျှင်မြန်စွာ ရရှိပြီး ဝန်ဆောင်မှုများ ပေးနိုင်ရန်၊ ကုန်ပစ္စည်း ရောင်းဝယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်၊ Customerများနှင့် ခိုင်မြဲသော ရေရှည်စီးပွားရေး ဆက်ဆံရေးကို ရရှိစေရန် နည်းပညာ၏ အကူအညီများစွာ လိုအပ်ပါသည်။

          အထက်ပါ စီးပွားရေးလုပ်ငန်းလိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် Myanmar Yellow Pages Websiteကို ၂၀ဝ၀ခုနှစ်တွင် (IMEX Myanmar Co., Ltd.) မှ စတင်တည်ဆောက်ခဲ့ ပါသည်။ ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းအဆက်အသွယ်များ လွယ်ကူလျှင်မြန်စွာရရှိပြီး ဆက်သွယ်ချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊ ပြည်တွင်းပြည်ပမှ စီးပွား ရေးလုပ်ငန်း ကုမ္ပဏီများနှင့် လုပ်ငန်းအဆက် အသွယ်ရရှိပြီး ပို့ကုန်သွင်းကုန် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ နိုင်ငံခြားကုမ္ပဏီများအနေဖြင့် လူသုံးကုန်၊ စားသောက်ကုန်၊ စက်ပစ္စည်းနှင့် ကိရိယာများ၊ စက် ယန္တရားကြီးများကဲ့သို့သော သွင်းကုန်ပစ္စည်းများကို ဖြန့်ဖြူးနိုင်ရန် ကိုယ်စားလှယ်များရှာဖွေခြင်း၊ ပညာရေးဝန်ဆောင်မှု လုပ်ငန်းများအတွက် ပြည်တွင်းမှ ကုမ္ပဏီကြီးများနှင့် အဆက်အသွယ်ကောင်းများကိုလွယ်လင့်တကူ ရရှိနိုင်ရန် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ စီးပွားရေးလုပ်ငန်း ကုမ္ပဏီများ၏ ဆက်သွယ်ရန် အချက်အလက်များကိုသာမက၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ အကြောင်း ရှင်းလင်းရေးသား ဖော်ပြချက်များ ကို ရောင်စုံကာလာ ဓါတ်ပုံများနှင့်အတူ ပြည့်ပြည့်စုံစုံ ဖော်ပြ ပေးထားသော အွန်လိုင်းရောင်းဝယ်ရေး အထောက်အကူပြု ကုန်သွယ်ရေးလမ်းညွှန် ဖြစ်ပါသည်။

          ကုမ္ပဏီနာမည်၊ ဖုန်းနံပါတ်နှင့် လိပ်စာကဲ့သို့သော အခြေခံအချက်အလက် အနည်းငယ်မျှကိုသာ ဖော်ပြပေးသော ဆက်သွယ်ရန်သက်သက် ရည်ရွယ်တည်ဆောက်ထားသည့် အွန်လိုင်းလမ်းညွှန်မဟုတ်ပါ။  စီးပွားလုပ်ငန်းရှင်များ၏ ကုမ္ပဏီအကြောင်း ရှင်းလင်းဖော်ပြချက်၊ ထုတ်ကုန်နှင့် ဝန်ဆောင် မှုများအကြောင်းများကို ရောင်စုံကာလာဓါတ်ပုံများဖြင့် မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားဖော်ပြထားသော ပြည်တွင်းပြည်ပ အထောက်အကူပြု ကုန်သွယ်ရေး လမ်းညွှန် ဖြစ်ပါတယ်။

          အခြားသော Online Shopping Websites များကဲ့သို့  ကုန်ပစ္စည်းများကို ဝယ်ယူလိုပါက ဆက်သွယ်ရမည့်  ဖုန်းနံပါတ် နှင့် လိပ်စာ ကဲ့သို့သော ဆက်သွယ်ရန်အချက်အလက်များကိုလည်း ဖော်ပြထားသည့်အပြင် ဖုန်းနံပါတ်ဖြင့် ဆက်သွယ်ရုံသာမက Viber, Whatsapp, Gmail တို့မှ ဆက်သွယ်နိုင်စေရန် အချက်အလက်အလက်များကိုပါ ထည့်သွင်း ဖော်ပြပေးထားပါတယ်။ Myanmar Yellow Pages Website ကို Myanmar Yellow Pages Mobile Application ဖြင့် ချိတ်ဆက်ပေးထားပြီး အသုံးပြုသူ၏ဖုန်းမှတဆင့် ခလုပ်တချက်နှိပ်ရုံဖြင့် လွယ်လင့်တကူ ဖုန်းခေါ်ဆိုခြင်း၊ အီးမေးလ်ပို့ ခြင်း၊ Viber,  Whatsapp တို့မှတဆင့် ဆက်သွယ်ခြင်းတို့ကို ဆောင်ရွက်နိုင်ပါတယ်။ အသုံးပြုသူများ အချိန်ကုန်လူ ပင်ပန်းသက်သာပြီး လုပ်ငန်း အဆက်အသွယ်များ လျှင်မြန်ထိရောက်စွာ ပြုလုပ်နိုင်ရန် နည်းပညာမြင့် ဆက်သွယ်ရေး နည်းစနစ်များကို အသုံးပြုထားပါတယ်။

          Myanmar Yellow Pages Website ကို အသုံးပြုသည့် ရောင်းသူနှင့် ဝယ်သူအကြား ယုံကြည်မှုမြင့်မားနိုင်ရန် ဆက်သွယ်မည့် ကုမ္ပဏီ၏အချက်လက်များ၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုတို့အကြောင်း၊ ဆောင်ရွက်ချက်များကို အွန်လိုင်း စာမျက်နှာပေါ်မှာ ပြည့်ပြည့်စုံစုံ ဖတ်ရှုလေ့လာနိုင်ပါတယ်။ ကုမ္ပဏီ၏ ကိုယ်ပိုင် Website နှင့် Facebook Page တို့ကို ဝင်ရောက်နိုင်မည့် Link ကိုလည်းဖော်ပြပေးထားတဲ့အတွက် အွန်လိုင်းစာမျက်နှာပေါ်က ရုံးခွဲတစ်ခုလို့ပင် ခေါ်ဆိုနိုင် ပါတယ်။ သိလိုသမျှကို အချက်အလက်များကို အချိန်တိုအတွင်း သိရှိလေ့လာခွင့်ရပြီး လွယ်လင့်တကူ ဆက်သွယ်နိုင်ရန် တည်ဆောက် ထားသော အွန်လိုင်းလမ်းညွန်ဖြစ်ပါတယ်။

ဘာကြောင့် အွန်လိုင်း မြန်မာအဝါရောင်စီးပွားရေးလမ်းညွှန် Myanmar Yellow Pages Website ကို လူအများ အသုံးပြု ကြပါသလဲ။

(၁) အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ဖော်ပြပေးခြင်း

စီးပွားရေးလုပ်ငန်းခေါင်းစဉ်များနှင့် ကုမ္ပဏီအကြောင်းအချက်အလက်များ၊ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ၏ အချက် အလက်များကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ဖော်ပြထားပြီး ပြည်တွင်းပြည်ပမှ အသုံးပြုသူများ အဆင်ပြေစေရန် ဆောင်ရွက်ပေးထားပါတယ်။

(၂) လုပ်ငန်းအမျိုးအစားများစုံလင်ခြင်း

အွန်လိုင်းမြန်မာအဝါရောင်စီးပွားရေးလမ်းညွှန် Myanmar Yellow Pages Website တွင် ရောင်းဝယ် ဆက်သွယ်ကြသော လုပ်ငန်းအမျိးအစားများ စုံလင်လှပါတယ်။ မြန်မာတနိုင်ငံလုံးမှ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုလုပ်ငန်း အမျိုးအစားပေါင်း (၁၀ဝ၀) ကျော် နှင့် ပြည်ပမှ လုပ်ငန်းအမျိုးအစားပေါင်း (၁၀ဝ) ကျော်ပါဝင်ပါတယ်။

(၃) အားလုံးအတွက် အသုံးဝင်သောလမ်းညွှန်ဖြစ်ခြင်း

စီးပွားရေးလုပ်ငန်းရှင်များအတွက်သာမက အားလုံးအတွက် နေ့စဉ်ဘဝမှာပါ အသုံးဝင်မည့် အချက်အလက်များကို ရှာဖွေနိုင်ခြင်း။ ဘဏ်၊ စားသောက်ဆိုင်၊ ဖုန်းဆိုင်၊ ရုပ်ရှင်ရုံ၊ အလှပြင်ဆိုင်၊ ဆေးခန်း၊ ဟိုတယ်၊ အလုပ်အကိုင် ရှာဖွေပေးရေးလုပ်ငန်းများ၊ ငွေလဲလှယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်လုပ်ငန်း၊ ဈေးဝယ် စင်တာများ၊ အိမ်တွင်းအလှဆင်လုပ်ငန်း၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ အာမခံလုပ်ငန်း၊ အစိုးရဝန်ကြီးဌာန၊ သံရုံးများ၊ အရေးပေါ်ဖုန်းနံပါတ်များကို ရှာဖွေလို့ ရနိုင်ပါတယ်။

(၄) အချက်လက်များမှန်ကန်တိကျခြင်းနှင့် ရောင်းသူဝယ်သူ ဆက်သွယ်မှု

အွန်လိုင်းရောင်းဝယ်ရေး အထောက်အကူပြု မြန်မာအဝါရောင်စီးပွားရေးလမ်းညွှန်တွင် ဖော်ပြပေးထားသော ဆက်သွယ်ရန် အချက်အလက်နှင့် ကုမ္ပဏီ၊ ထုတ်ကုန်နှင့် ဝန်ဆောင်မှုအကြောင်း ရှင်းလင်းဖော်ပြချက်များသည် မှန်ကန်တိကျမှုရှိတဲ့အတွက် အသုံးပြုသူများအတွက် များစွာ အချိန်ကုန် လူပင်ပန်း သက်သာစေပါတယ်။ လုပ်ငန်းအဆက်အသွယ်များကို လွယ်ကူလျှင်မြန်စွာ ဆောင်ရွက်နိုင်ပါတယ်။  မြန်မာအဝါအရောင်စီးပွားရေး လမ်းညွှန်စာအုပ် ကို စတင်ထုတ်ဝေခဲ့သည့် ၁၉၉၅ ခုနှစ်မှစပြီး ယခု ၂၀၁၉ ခုနှစ်တိုင်တောင် (၂၄) နှစ် တာကာလပတ်လုံး အစဉ်အဆက် အချက်အလက်များကို စစ်ဆေး ကောက်ယူခြင်းများကို ပြုလုပ်ခြင်း၊ ဆက်သွယ်ရေး နည်းစနစ်များကို အသုံးပြုပြီး အချက်အလက်များကို ကောက်ယူစစ်ဆေးခြင်း၊  မြန်မာအဝါ ရောင်စီးပွားရေးလမ်းညွှန်အဖွဲ့သားများနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား ရေရှည် ဆက်ဆံရေး ကောင်းမွန်မှု တို့ကြောင့် ကုမ္ပဏီများ၏ အချက်အလက်များကို မှန်ကုန်တိကျစွာ ဖော်ပြပေးနိုင်တာပါဖြစ်ပါတယ်။ အသုံးပြု သူများရဲ့ ချီးမွမ်းစကားကိုလဲ အမြဲလိုလိုကြားရတဲ့အတွက် ဝမ်းသာ ကျေနပ်မိ ပါတယ်။

(၅) အဆင့်မြင့်နည်းစနစ်များအသုံးပြုထားခြင်း

အချက်အလက်များကို လွယ်ကူစွာရှာဖွေနိုင်ရန် တည်ဆောက်ထားသော အွန်လိုင်းစာမျက်နှာများ (User Friendly Website) ကို ရေးဆွဲ ထားပါတယ်။

- လုပ်ငန်း အမျိုးအစားများကို တူရာအစုလိုက်ဖော်ပြထားသော (Browse Categories)

- ကုမ္ပဏီများ၊ လုပ်ငန်းအမျိုးများကို နာမည်ရိုက်ပြီးရှာဖွေနိုင်သောကဏ္ဍ (Search Box)

- လုပ်ငန်းအမျိုအစားများကို အက္ခရာအစဉ်လိုက်ဖော်ပြထားသောကဏ္ဍ (All Categories)

- နိုင်ငံတကာမှ ကုမ္ပဏီများ နှင့် ပြည်တွင်းကုမ္ပဏီများဆက်သွယ်နိုင်သောကဏ္ဍ (International Trade Section)

- နိုင်ငံခြားကုမ္ပဏီများကို စုစည်းဖော်ပြထားသောကဏ္ဍ (Featured Countries)

- ပြည်တွင်း၊ ပြည်ပ ကုန်ပစ္စည်းများကို စုစည်းဖော်ပြထားသောကဏ္ဍ (Feature Products)

- သက်ဆိုင်ရာမြို့အလိုက် ကုမ္ပဏီများစာရင်းကို ဖော်ပြထားသောကဏ္ဍ (Listing by Places)

- ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအသစ်များအကြောင်းကို ဖော်ပြထားသောကဏ္ဍ (New Product)

- အသုံးဝင်သောအချက်အလက်များကို ဖော်ပြထားသောကဏ္ဍ (Useful Info)စသည်တို့ကို ထည့်သွင်းဖော်ပြထားပါတယ်။

          ခလုတ်တစ်ချက်နှိပ်ရုံဖြင့် တိုက်ရိုက် ဖုန်းခေါ်နိုင်သော၊  အီးမေးလ်ပို့နိုင်သောစနစ် တို့ပါဝင်ပါတယ်။ Google မှ တဆင့် စီးပွားရေး လုပ်ငန်းအဆက် အသွယ်များ ရှာလျှင်လည်း Myanmar Yellow Pages Website အချက်အလက်များကို ရှာဖွေတွေ့နိုင်အောင် Search Engine Optimization (SEO) စနစ်ကိုလဲ အသုံးပြုထားပါတယ်။

(၆) နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်ထားသောအဖွဲ့အစည်း ဖြစ်ခြင်း

နှစ်ပေါင်းအတော်ကြာ မြန်မာ့စီးပွားရေးလောကမှာ အောင်မြင်ကျော်ကြားအကျိုးပြုခဲ့တဲ့ မြန်မာအဝါရောင်စီးပွားရေး လမ်းညွှန်သည် ပြည်တွင်းနှင့် နိုင်ငံ တကာမှ စီးပွားရေး လုပ်ငန်းအဆက်အသွယ်များ  များစွာရှိသော အဖွဲအစည်း ဖြစ်ပါသည်။  JETRO, KYODO News, UBM ကဲ့သို့ သော နိုင်ငံတကာအဖွဲ့အစည်းများဖြင့် ပူးပေါင်းပြီး ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအတွက် လုပ်ငန်းတွေ့ဆုံဆွေးနွေးပွဲများ၊ (Business Engagements and Meetings), စီးပွားရေး လုပ်ငန်းနှင့် နည်းပညာဆိုင်ရာဟောပြောပွဲများ (Business and Technology Senimars), ကုန်ပစ္စည်းမိတ်ဆက်ခြင်းနှင့် ဈေးကွက်တိုးချဲ့ခြင်းလုပ်ငန်းများအတွက် (Product Promotion and Market Expansion) တွေ့ဆုံဆွေးနွေးပွဲများကို ပြုလုပ်ပေးလျက်ရှိပါသည်။ Business and Trade Exhibition စီးပွားရေးနှင့် ကုန်သွယ်ရေးပြပွဲ များတွင်လည်း Media Partner အဖြစ် အားဖြည့်ကူညီပြီးဆောင်ရွက်ပေးလျှက်ရှိပါတယ်။

(၇) သက်တမ်းကြာရှည်ခြင်း

နှစ်ပေါင်း (၂၄) ကျော်ကြာ ရပ်တည်လျက်ရှိတဲ့ မြန်မာအဝါရောင်စီးပွားရေးလမ်းညွှန်သည်  ပြည်တွင်းပြည်ပမှ ကုမ္ပဏီများ ၏ အားထားရာ တစ်ခုအဖြစ် ရပ်တည်နေပါတယ်။ ဝန်ဆောင်မှုကောင်းမွန်ခြင်း၊ စီးပွားရေး လုပ်ငန်းများ၏ အားထားရာ ဖြစ်ခြင်း၊ ခေတ်နှင့်အညီ နည်းပညာများကို အမြဲ စမ်းသပ် လေ့လာ အသုံးပြုပြီး အသုံးပြုသူများအတွက် အမြဲကောင်း သထက်ကောင်းအောင်ကြိုးစားနေမှုကြောင့် ယနေ့ထိတိုင် ရပ်တည်နေ တာဖြစ်ပါတယ်။

(၈) အခမဲ့အသုံးပြုနိုင်သော အွန်လိုင်းလမ်းညွှန်ဖြစ်ခြင်း

အွန်လိုင်းမြန်မာအဝါရောင်စီးပွားရေးလမ်းညွှန်ကို အခမဲ့ အသုံးပြုနိုင်ပါတယ်။ ဝင်ရောက် အသုံးပြုရန် အတွက် Login ပြုလုပ်ရန်မလိုပါဘူး။ မည်သူမဆို ဖုန်း (သို့) ကွန်ပျူတာ (သို့) မိုဘိုင်းဖုန်းဖြင့် ဝင်ရောက်ပြီး အချက်အလက်များကို ရှာဖွေ နိုင်ပါတယ်။

(၉) ထိရောက်စွာကြော်ငြာနိုင်ခြင်း

အွန်လိုင်းမြန်မာအဝါရောင်စီးပွားရေးလမ်းညွှန်ကို ဝင်ရောက်အသုံးပြုသူပေါင်း တစ်နေ့လျှင် ၅၀ဝ၀ ခန့်ရှိပါတယ်။ အွန်လိုင်းမှာ ကြော်ငြာလိုသူများအတွက် အထိရောက်ဆုံးကြော်ငြာနိုင်တဲ့ ကုန်သွယ်ရေးဇုန် တစ်ခုပါ။ ကြော်ငြာရှင်များရဲ့ အချက်အလက်များကို သေချာနားလည် သဘောပေါက်ပြီး ဆက်သွယ်နိုင်စေရန် အချက်အလက်များကို  ပုံနှင့်စာ တွဲဖက်ပြီး အသေးစိတ်ဖော်ပြပေးပါတယ်။ ကြော်ငြာရှင်များ၏ အချက်အလက်များကိုလည်း အချိန်မရွေးပြင်ဆင် Update လုပ်နိုင် ပါတယ်။

အသေးစိတ်အချက်အလက်များသိရှိနိုင်ရန် ---------

IMEX (Myanmar) Company Limited.

365-367, 2nd Flr., Bogyoke Augn San Rd., Top of Bo Sun Pat Rd., Pabedan Township, Yangon.

Tel : (95 1) 242758, 243074, 377755

Hotline : (95 9) 403062657

Email : info@imexmyanmar.com, myanmaryellowpages@gmail.com

Web : www.yellowpages.net.mm, www.myanmaryellowpages.biz

Fb : facebook.com/myanmaryellowpages

Category



IMEX (Myanmar) Co., Ltd.


IMEX(Myanmar) Co., Ltd was incorporated in 1993 as the sole publisher of the Myanmar Yellow Pages with the international trademark of the “Walking Finger”. The main goal of IMEX was to bring and expedite daily news on business and trade, promoting products and services and many more. IMEX (Myanmar) Co., Ltd is confident to fulfill and satisfy the requirements of the clients for achieving ultimate success in their business ventures.